Myan U Online Learning Platform အကြောင်း Smart Gadget အသုံးပြုသူများ အတွက် မိတ်ဆက်ခြင်း

 

Myan U အွန်လိုင်းမှ လေ့လာသင်ယူမှုသည် လူတိုင်းအတွက် အလွယ်တကူ အကျိုးရှိရှိ လေ့လာသင်ကြားနိုင်သည့် Online Learning Application တစ်ခုဖြစ်ပြီး၊ အင်တာနက်ရရှိသည့် မည်သည့်ကွန်ပျူတာ (သို့မဟုတ်) စမတ်ဖုန်းနှင့်မဆို အသုံးပြုနိုင်မည် ဖြစ်ပါတယ်။ ထို့အပြင် မိမိသင်ယူလိုသော သင်ခန်းစာများ၏ ဗွီဒီယိုဖိုင်များကြည့်ရှုခြင်း၊ သင်ရိုးညွှန်းစာအုပ်များကို Download လုပ်ခြင်းဖြင့်၊ လိုအပ်သည့်အချိန်တွင် လိုအပ်သလို အကျိုးရှိစွာ ပြန်လည် လေ့လာနိုင်မည် ဖြစ်ပါတယ်။

MyanU Online Learning Platform ကို အိုင်တီ၊ မီဒီယာနှင့် ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်များတွင် ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် Information Matrix Co.,Ltd မှ ၂၀၁၆ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါသည်။

ကောင်းမွန်သည့် အနာဂါတ်တစ်ခုတည်ဆောက်ပေးနိုင်ပြီး၊ လုပ်ငန်းခွင်အတွက် စွမ်းဆောင်ရည် မြင့်မား လာစေမည့် ဘာသာရပ်ဆိုင်ရာသင်တန်းများ၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်မှုဆိုင်ရာသင်တန်းများ၊ အဘိဓမ္မာ သင်တန်းများ (မြတ်ဗုဒ္ဓ၏သာလွန်မြင့်မြတ်သောတရား) စသည့် ဘာသာရပ်များကို MyanU (www.myanuonline.com) ပေါ်တွင် ကျွမ်းကျင်ဝါရင့် ဆရာ၊ဆရာမများမှ နားလည်ရလွယ်ကူသော ပုံစံများဖြင့် သင်ခန်းစာ ပို့ချချက်များအား မြန်မာလိုသင်ကြားပို့ချထားသည့် ဗွီဒီယိုဖိုင်များ၊ Presentation ဖိုင် များ၊ Word/PDF ဖိုင်များဖြင့် တစ်နေရာတည်းတွင် လေ့လာသင်ကြားနိုင်မည် ဖြစ်ပါသည်။

MyanU နှင့်လက်တွဲ၍ အွန်လိုင်းသင်တန်းကျောင်း ဖွင့်လှစ်လိုသော ကျွမ်းကျင်ဝါရင့် ဆရာ၊ဆရာမများ၊ သင်တန်းကျောင်းများမှလည်း သက်ဆိုင်ရာဘာသာရပ်ကဏ္ဍအလိုက် ကိုယ်ပိုင်စာမျက်နှာ (Instructor Account) များဖွင့်လှစ်ကာ အွန်လိုင်းမှနေ၍ တတ်သိပညာများ သင်ကြားနိုင်သော သင်တန်းကျောင်းတစ်ခု အနေ ဖြင့် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။


 

ရည်ရွယ်ချက်

"At Myan U, we’re improving lives of Myanmar people through learning"


 

အားသာချက်များ

လေ့လာနိုင်မည့်သင်တန်းများ

ဘာသာရပ်ဆိုင်ရာသင်တန်းများတွင် အောင်မြင်သောစီးပွားရေးလုပ်ငန်းများကို တည်ထောင်လိုသူများနှင့် စီးပွားရေးလုပ်ငန်းတွေကို စနစ်တကျစီမံခန့်ခွဲလိုသူများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ စီးပွားရေးသင်တန်းများ၊ ကွန်ပျူတာပညာရပ်ဆိုင်ရာသင်တန်းများ၊ ကိုယ်ရေးကိုယ်သွေးတိုးတက်မှုဆိုင်ရာသင်တန်းများ၊ အခြေခံ အဘိဓမ္မာသင်တန်းများ စသည့် သင်တန်းများကို တစ်နေရာတည်းတွင် လေ့လာသင်ကြားနိုင်မည် ဖြစ်ပါသည်။


 

တက်ရောက်သင်ကြားနိုင်သည့်သူများ

အင်တာနက်အသုံးပြုနိုင်သည့် မည်သည့်နေရာဒေသမှမဆို MyanU Online Learning Platform (www.myanuonline.com) ပေါ်မှ သင်တန်းများအား မည်သူမဆို တက်ရောက်နိုင်ပါသည်။


 

သင်တန်းကြေး

MyanU online learning website တွင် Sign Up ပြုလုပ်ထားသော မည်သူမဆို သင်တန်းများကို ဝင်ရောက် လေ့လာနိုင်ပါသည်။ ဘာသာရပ်ဆိုင်ရာမိတ်ဆက်ဗွီဒီယိုဖိုင်သင်ခန်းစာများအား  ပညာဒါနအနေဖြင့် ထည့်သွင်း ထားသည်များအား အခမဲ့လေ့လာနိုင်ပါသည်။ ဘာသာရပ်တစ်ခုလုံး ခြုံငုံလေ့လာသင်ယူ နိုင်သည့် သင်တန်းများအား ဘာသာရပ်အလိုက် သတ်မှတ်ထားသည့် သင်တန်းကြေးပေးသွင်းပြီးလည်း  ဝင်ရောက် သင်ယူနိုင်မည် ဖြစ်ပါသည်။


 

စာအုပ်များ ဝယ်ယူနိုင်ခြင်း

MyanU online learning website ပေါ်တွင် တစ်ချို့သော ဘာသာရပ်များ၌ ကိုးကားသင်သည့် စာအုပ်များ ရှိပါသည်။ အဆိုပါ စာအုပ်များအား Information Matrix ကုမ္ပဏီ ရုံးခန်းတွင် အလွယ်တကူ ဝယ်ယူ လေ့လာနိုင်ပါသည်။