Browse Courses
  • My Courses
  • Development

    Development

    • Programming Languages
    • Game Development
    • Software Engineering
  • Business

    Business

    • Finance
    • Entrepreneurship
    • Management
    • Project Management
    • Human Resources
  • IT & Software

    IT & Software

    • IT Certification
  • Personal Development

    Personal Development

    • Personal Transformation
  • Design

    Design

    • Graphic Design
    • Web Design
  • Marketing

    Marketing

    • Digital Marketing
  • Lifestyle

    Lifestyle

    • Arts & Crafts
    • Food & Beverage
    • Beauty & Makeup
    • Home Improvement
  • Health & Fitness

    Health & Fitness

    • General Health
    • Yoga
  • Language

    Language

    • English
    • Chinese
  • Dhamma

    Dhamma

    • Abhidhamma
Myanu
Become an Instructor Login Sign Up

Sign up and Start teaching!

your image
*Your image must less than 500 KB
Already have an account? Login
Terms of Use Privacy Policy Intellectual Property Policy Instructor Agreement MyanU for Business Agreement
  • Terms of Use
  • Privacy Policy
  • Intellectual Property Policy
  • Instructor Agreement
  • MyanU for Business Agreement

Terms of Use

Updated on April 1, 2019

ကျောင်းသား/ကျောင်းသူ များအတွက် ချမှတ်ထားသော စည်းကမ်းနှင့်သတ်မှတ်ချက်များ

 

၁) MyanU တွင်တက်ရောက်သင်ကြားမည့် ကျောင်းသား/ကျောင်းသူထံတွင် အနည်းဆုံး Computer, Laptop, Tablet (or) Smart Phone တစ်လုံးနှင့် သင့်တင့်သော Internet Connection ရရှိဖို့လိုအပ်ပါသည်။

၂) Online Learning ဖြစ်သောကြောင့် တက်ရောက်သင်ယူမည့်ကျောင်းသား/ကျောင်းသူသည် အမှန်တကယ် ပညာကိုလိုလာပြီး သင်ယူချင်စိတ်အပြည့်ရှိသူဖြစ်ရပါမည်။

၃) တက်ရောက်သင်ကြားသူ ကျောင်းသား/ကျောင်းသူများသည် မိမိသင်ခန်းများကို အဆုံးတိုင် တက်ရောက်သင်ယူနိုင်သူဖြစ်ရပါမည်။

၎) အခကြေးငွေဖြင့် သင်ယူရသော သင်ခန်းစာများတွင် ငွေပေးချေပြီးပါက ၄င်းသင်ခန်းစာကို ဆုံးခန်းတိုင် တက်ရောက်ရမည်ဖြစ်သည်၊ မိမိ၏ ကိုယ်ရေးကိုယ်တာ အကြောင်းတစ်စုံတစ်ရာကြောင့် သင်တန်းပြီးဆုံးအောင် မတက်နိုင်ပါက ၄င်းသင်ခန်းစာအတွက် ပြန်အမ်းငွေရရှိမည်မဟုတ်ပါ။

 

 

 

Privacy Policy

Updated on July 10, 2018

Privacy Policy (အသုံးပြုသူနှင့် သဘောတူညီမှုမူဝါဒများ)

 

Myan U နှင့် လေ့လာသင်ကြားသူတို့နှစ်ဦးကြား အောက်ပါမူဝါဒများ ချမှတ်ထားပါသည်။

၁) မှတ်ပုံတင်ခြင်း

 

  • ၁.၁) သင်တန်းသားဘက်မှ အမည်၊ မွေးနေ့၊ ဓာတ်ပုံ နှင့် email စသည့် အချက်များကို ဖြည့်သွင်း၍ မှတ်ပုံတင်ရပါမည်။

 

  • ၁.၂) Email လိပ်စာ၊ လျှိဝှက်နံပါတ်သည် မည်သူ့ဆီသို့ပေါက်ကြားမည်မဟုတ်ပါ။

 

  • ၁.၃) မှတ်ပုံတင်ပြီးပါက မိမိ၏ (Personal Profile) ကို မိမိတို့ကိုယ်တိုင် စိတ်ကြိုက်ပြုပြင် တည်ဆောက်နိုင်ပါသည်။

 


၂) Facebook Account မှ တဆင့် မှတ်ပုံတင်ခြင်း

 

  • ၂.၁) မိမိတို့၏ Facebook Account ဖြင့်လည်း ဝင်ရောက်မှတ်ပုံတင်နိုင်ပါသည်။

 

  • ၂.၂) Facebook account ဖြင့် မှတ်ပုံတင်ပြီးလေ့လာပါက မိမိ Facebook account တွင် ထည့်သွင်းထားသော မိမိ၏အကြောင်းကို မှန်ကန်တိကျစွာ ဖြည့်ထားရန် လိုအပ်ပါသည်။

 


၃) Google Email Account မှတဆင့် မှတ်ပုံတင်ခြင်း

 

  • ၃.၁) မိမိတို့လက်ရှိအသုံးပြုနေသော (Google Email အကောင့်ဖွင့်ထားပြီး ဖြစ်ရမည်) Google Email ဖြင့်လည်း တိုက်ရိုက်တန်း၍ Myan U ပေါ်တွင် မှတ်ပုံတင်ခြင်း ပြုလုပ်နိုင်ပါသည်။

 


၎) သင်တန်းကြေး ပေးဆောင်ခြင်း

 

  • ၄.၁) သင်တန်းကြေးကို MPU – Myanmar Payment Union နှင်ချိတ်ဆက်ထားသည့် ဘဏ်များ၏အကောင့်ကို အသုံးပြု၍ တိုက်ရိုက်ငွေလွှဲခြင်းဖြင့် သင်တန်းကြေး ပေးဆောင်နိုင်ပါသည်။

 

  • ၄.၂) သင်တန်းကြေးပေးဆောင်မှု အဆင်ပြေစေရန် သင်တန်းသားများ၏ ကိုယ်ပိုင်ရေးရာထဲမှ လိုအပ်သောအချက်များကို Myan U နှင့် ချိတ်ဆက်ထားသောဘဏ်များ၊ဆက်သွယ်ရေး အော်ပရေတာများ စသည့်လိုအပ်သောအဖွဲ့အစည်းများသို့ ပို့ပေးပါမည်။

 


၅) သင်ခန်းစာများနှင့် ပတ်သတ်သော သတင်းအချက်အလက်များ

 

  • ၅.၁) သင်တန်းသားတစ်ဦးသည် သင်ခန်းစာတစ်ခုထက်ပိုမို၍ လေ့လာသင်ကြားနိုင်ပါသည်။

 

  • ၅.၂) Myan U ဘက်မှ သင်ခန်းစာများနှင့် ပတ်သတ်သော သတင်းအချက်အလက်များ (Text, Audio, Video, PDF, PPT စသည်) အားလုံးကို Myan U Platform တွင် တင်ထားမည် ဖြစ်ပါသည်။ Myan U Website (သို့) Myan U Mobile App မှတဆင့် တိုက်ရိုက်ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

 


၆) သင်တန်းသားနှင့် ဆရာကြား ဆက်သွယ်မှု

 

  • ၆.၁) သင်တန်းဆရာများသည် မိမိ၏ သင်ခန်းစာအပေါ်အပြည့်အဝတာဝန်ယူမှုရှိပါသည်။

 

  • ၆.၂) သင်တန်းသားများသည် မိမိတို့တက်ရောက်နေသော သင်ခန်းစာများ၏ (အခမဲ့ သင်ခန်းစာများဖြစ်စေ၊ သင်တန်းကြေးပေးသွင်းရသော သင်ခန်းစာများဖြစ်စေ) ဗွီဒီယိုနှင့် အခြားဖိုင်များအား ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ယုံသာမက၊ အိမ်စာများပြုလုပ်ခြင်းနှင့် ဘာသာရပ်အလိုက် ဆွေးနွေးခြင်းတို့အား သက်ဆိုင်ရာ ဆရာ/ ဆရာမများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်နိုင်ပါသည်။

 

  • ၆.၃) ကျွနုပ်တို့အနေဖြင့် သင်တန်းသား၏ အီးမေးလ်လိပ်စာကို သင်တန်းဆရာထံသို့ တိုက်ရိုက် ပေးမည်မဟုတ်ပါ။ သင်တန်းသားမှ မေးမြန်းလိုသည်များရှိပါက ဆရာ၏အီးမေးလ်လိပ်စာ (သို့မဟုတ်) Myan U ၏ Discussion Pannel မှ ဖြစ်စေ ကိုယ်တိုင်ချိတ်ဆက် မေးမြန်းနိုင်ပါသည်။

 


၇) မိမိ မှတ်ပုံတင်ထားသော Account အား ပိတ်ခြင်း

 

  • ၇.၁) အကယ်၍ သင်တန်းသားသည် မိမိလက်ရှိ account အား ပိတ်မည်ဆိုပါက Myan U ၏ အဆင့်ဆင့် လမ်းညွှန်မှုအတိုင်းဆောင်ရွက်ရပါမည်။

 

  • ၇.၂) အကယ်၍ သင်တန်းဆရာသည် မိမိလက်ရှိ account အား ပိတ်မည်ဆိုပါက Myan U ၏ အဆင့်ဆင့် လမ်းညွှန်မှုအတိုင်းဆောင်ရွက်ရပါမည်။

 


၈) မိမိ မှတ်ပုံတင်ထားသော Account အား ဖျက်သိမ်းခြင်း

 

  • ၈.၁) မိမိမှတ်ပုံတင်ထားသော account အားဖျက်သိမ်းခဲ့မည်ဆိုပါက Myan U သို့ ဝင်ရောက် အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ ထို့ကြောင့် အခကြေးငွေဖြင့် သင်ယူရသော ဗွီဒီယိုဖိုင်များ၊ ပို့စ်များ၊ ကော်မန့်များကို ဝင်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ပါ။

 

  • ၈.၂) Myan U တည်ရှိသော ဆာဗာထဲတွင်မူ လေ့လာသူ၏ ကိုယ်ရေးအချက်အလက်များကို ဆက်လက်ထိန်းသိမ်းကျန်ရှိနေမည် ဖြစ်ပါသည်။

Intellectual Property Policy

Updated on January 25, 2018

Intellectual Property Policy (မူပိုင်ခွင့် အကြောင်းရှင်းလင်းချက်)

 

  • 1) Myan U Online Learning Platform သည် မည်သူမဆို အသိပညာ၊ အတက်ပညာများကို သင်ကြားနိုင်၊ သင်ယူနိုင်သော Online Learning Application တစ်ခုဖြစ်ပါသည်။

 

  • 2) ကဏ္ဍပေါင်းစုံကိုသင်ယူနိုင်ပြီး နိုင်ငံတော်မှပြဌာန်းထားသောဥပဒေနှင့် ကိုက်ညီသော သင်ခန်းစာများကိုသာ သင်ကြားပါသည်။

 

  • 3) သင်တန်းဆရာများအနေဖြင့် မိမိသင်ကြားသော သင်ခန်းစာများအပေါ် တာဝန်ယူမှုနှင့် မူပိုင်ခွင့်ရှိရမည်။

 

  • 4) မူပိုင်ခွင့်ရှိပြီးသော အခြားသင်တန်းဆရာများထံမှ ခိုးယူထားသော သင်ခန်းစာများကို ခွင့်ပြုမည်မဟုတ်ပါ။ ထိုကိစ္စနှင့် ပတ်သတ်၍ သင်တန်းဆရာ၏ တာဝန်သာဖြစ်ပါသည်။

 

  • 5) မူပိုင်ခွင့်ချိုးဖောက်ခဲ့ပါက ဌင်းသင်တန်းဆရာနှင့် သင်ခန်းစာများကိုပါ Myan U Online Learning Platform မှ ထုတ်ပယ်မည်ဖြစ်ပါသည်။

 

  • 6) Myan U ဘက်မှသင်တန်းဆရာ၏ ခွင့်ပြုချက်မရဘဲထိုသင်ခန်းစာအား အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမှ ရောင်းချမည်မဟုတ်ပါ။

Instructor Terms & Conditions

Updated on January 25, 2018

MyanU လုပ်ငန်း

 

  • ၁) MyanU သည် သင်ကြားပြသမည့်ဆရာ/နည်းပြများမှ သင်ရိုးညွှန်းတန်း/သင်ခန်းစာများရေးဆွဲခြင်း၊ သတ်မှတ် ပြဋ္ဌာန်းခြင်း၊ ဝေငှခြင်းနှင့် တခြားသော အသုံးပြုခြင်းအတွက် ပတ်သက်စပ်လျဉ်းသော အွန်လိုင်း သင်တန်းများ/သင်ရိုးများ၏ Hosting နှင့် ဝန်ဆောင်မှု အားလုံးကို လုပ်ဆောင်ပေးရမည်။

 

  • ၂) သင်ကြားပြသမည့်ဆရာ/နည်းပြများမှ အွန်လိုင်းမှစာပေလေ့လာသင်ကြားနိုင်သည့် MyanU Platform အတွက် သင်ရိုးညွှန်းတန်းများ/သင်ခန်းစာများရေးဆွဲပေးခြင်းနှင့်  အဆိုပါသင်ရိုးများအား သင်ကြားပြသပေးရန်အတွက် ဆန္ဒရှိရပါမည်။

 

  • ၃) MyanU အနေဖြင့် သင်ရိုးညွှန်းတန်းများ/သင်ခန်းစာရေးဆွဲခြင်းနှင့်  အဆိုပါသင်ရိုးများအား သင်ကြားပြသခွင့် အတွက် လိုအပ်သည့် ထောက်ပံ့မှုများအား သင်ကြားပြသမည့်ဆရာ/နည်းပြများအား ပေးရန် သဘောတူ ရပါမည်။

 

  • ၄) လုပ်ငန်းအပ်နှံသူနှင့်လုပ်ငန်းလက်ခံသူ တို့သည် သင်ရိုးညွှန်းတန်း/သင်ခန်းစာများအားလုပ်ငန်း   ဆောင်ရွက်နေစဉ်  တစ်လျောက် အသုံးပြုပိုင်ခွင့် အပြန်အလှန် ရှိရပါမည်။

 


 

MyanU for Business Agreement

Updated on January 25, 2018

MyanU နှင့် သင်ကြားပြသသူ တို့၏ နှစ်ဦးနှစ်ဖက် နားလည်မှုဆိုင်ရာ သဘောတူညီချက်များ

 

အောက်ပါ စည်းကမ်းနှင့် သတ်မှတ်ချက်များကို MyanU နှင့် သင်တန်း နည်းပြ များမှလိုက်နာရန်ဖြစ်သည်။

  • ၁) သင်တန်းနည်းပြများမှ သင်ကြားမည့် သင်ရိုးညွှန်းတန်း/သင်ခန်းစာများနှင့် ဗီဒီယိုများ၏ ခေါင်းစဉ်များကို MyanUသို့ ကြိုတင်၍ အသိပေးတင်ပြထားရမည်။

 

  • ၂) သင်တန်းနည်းပြများအနေဖြင့် လိုက်နာရန်စည်းမျဉ်းများမှာ - ဗီဒီယိုဖိုင်များ၏ သတ်မှတ်ကြာချိန်၊ ဗီဒီယို Format၊ သတ်မှတ်ထားသော ဗီဒီယို အရည်အသွေးပြည့်မှီရန်တို့ ဖြစ်ပါသည်။ အပိုင်း (၄) တွင် အသေးစိတ်ကို ထပ်မံ ဖော်ပြပေးထားပါသည်။

 

  • ၃)  စာသင်ကြားမည့် ဗီဒီယိုများကို သင်တန်း နည်းပြများမှ ကိုယ်တိုင် ရိုက်ကူး၍သော်လည်းကောင်း (သို့မဟုတ်) MyanU ဘက်မှ ရိုက်ကူးရေးလုပ်ပေးမည်ဖြစ်သည်။

 

  • ၄) အကျိုးအမြတ်ခွဲဝေခံစားခွင့်ကို အပိုင်း (၅) တွင် အသေးစိတ်ကိုဖော်ပြပေးထားသည်။ နည်းပြများမှကိုယ်တိုင် ဗီဒီယိုများကို ရိုက်ကူး၍ သင်ကြားပို့ချ၍သော်လည်းကောင်း၊ MyanU ဘက်မှ ရိုက်ကူးရေးလုပ်ပေး၍သော် လည်းကောင်း အကျိုးအမြတ်ခွဲဝေ ခံစားခွင့်မှာ ညီတူညီမျှဖြစ်သည်။

 

  • ၅) MyanU တွင် သင်ကြားပို့ချရန် ပြင်ဆင်ထားသော သင်ရိုးညွှန်းတန်း/သင်ခန်းစာများနှင့် ဗီဒီယိုများကို MyanU Platform အတွက်သာ အသုံးပြုရမည် ဖြစ်သည်။ အခြားသော မည်သည့် Digital Platforms နှင့် Social Media လူမှုကွန်ယက်များတွင် MyanU၏ ခွင့်ပြုချက်မရှိပဲ တင်ပြထုတ်လွှင့်ရန် တားမြစ်ပါသည်။ သင်တန်းနည်းပြများ အနေဖြင့် အခြားသော Digital Platforms နှင့် Social Media လူမှုကွန်ယက်များတွင် ပြန်လည် အသုံးပြုမည်ဆိုပါက MyanUတွင် အသုံးပြုခြင်း (၁)နှစ်ပြည့်ပြီးမှသာ ခွင့်ပြုမည်ဖြစ်သည်။

 

  • ၆) MyanU အနေဖြင့် သင်တန်းနှင့်ပတ်သက်သော အကြောင်းအရာများ၊ ဗီဒီယိုများကို တရားဝင်သိမ်းထားခွင့်၊   ထုတ်လွှင့်ခွင့်ကို သင်တန်းနည်းပြများဘက်မှ ကန့်ကွက်ခြင်း မရှိစေရ။

 

  • ၇) MyanU အနေဖြင့် သင်တန်းနည်းပြများ၏ ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများနှင့် ရုပ်သံပိုင်းတွင် လိုအပ်ချက်များရှိပါက ပြန်လည်ပြင်ဆင်ခွင့်ရှိပါသည်။

 

  • ၈) MyanUအနေဖြင့်သင်ခန်းစာများတွှုတက်ရောက်သင်ယူသောကျောင်းသား/သူအရေအတွက်ပိုမိုများပြားလာ စေရန် Digital Marketing and Promotion ပိုင်းတာဝန်ယူမည်ဖြစ်သောကြောင့် သင်ကြားပြသမည့်ဆရာ/ နည်းပြ များ၏ သက်ဆိုင်ရာသင်ကြားရေးထောက်ကူဖိုင်ထဲမှ အချို့ဗီဒီယိုအစိတ်အပိုင်း ပြကွက်ဖြစ်စေ၊ ဓါတ်ပုံဖြစ်စေ၊စာသားအချို့ဖြစ်စေMyanUSocialMediaPageတွင်အသုံးပြုခြင်းအား သင်တန်းနည်းပြများဘက်မှ ကန့်ကွက်ခြင်းမရှိစေရ။

 

  • ၉) Myan U Platform ၏ သင်တန်းကြေးကောက်ခံမှုမှာ Per Course အနေဖြင့် ကောက်ခံရန် သတ်မှတ်ထားသည်ကို သင်ကြားပြသမည့်ဆရာ/ နည်းပြဘက်မှ သဘောတူရမည်။ သင်တန်းကြေးကိုမူ Myan U ဘက်မှ သတ်မှတ်မည်မဟုတ်ပဲ၊ သင်တန်းနည်းပြကိုယ်တိုင်  သင့်တင့်သောနှုန်းထားအား မိမိတို့ကိုယ်တိုင် သတ်မှတ်ခွင့် ရရှိပါမည်။

 

  • ၁၀) သင်တန်းကြေးကို သင်ကြားပြသမည့်ဆရာ/နည်းပြ များဘက်မှ မိမိစိတ်ကြိုက်သတ်မှတ်ထားသော သင်တန်းကြေးဖြစ်ပါသဖြင့် နောင်အခါတွင် ၄င်းသင်တန်းကြေးနှင့်ပက်သက်သော အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် MyanU ဘက်မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

 

  • ၁၁) Myan U ပေါ်ရှိ သင်တန်းများတွင် အချို့မှာ Free Course ဖြစ်ပြီး၊ အချို့မှာ Paid Course အနေဖြင့် ရှိနေပါမည်။ သို့ပါသောကြောင့် သင်တန်းနည်းပြအနေဖြင့် Myan U ဖြင့် အလုပ်လုပ်မည်ဆိုပါက Paid Course များသာမကအနည်းဆုံး Free Course တစ်ခုဖန်တီးပေးရန် သဘောတူရပါမည်။

 

  • ၁၂) သင်တန်းနည်းပြများမှ တရားဥပဒေနှင့်ငြိစွန်းသော/ ဥပဒေနှင့် မလွတ်ကင်းသော အကြောင်းအရာများကို MyanU တွင်သင်ကြားပို့ချခဲ့၍သော်လည်းကောင်း၊ တစုံတခုထုတ်လွှင့်ခဲ့ပါက သင်တန်းနည်းပြများ ကိုယ်တိုင် တာဝန်ယူ ဖြေရှင်းရမည် ဖြစ်သည်။ MyanU ဘက်မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။ MyanU ဘက်မှ သင်တန်းနည်းပြများကိုလည်း ထိရောက်စွာအရေးယူမည်ဖြစ်သည်။ သင်တန်းကာလမပြီးဆုံးသေးပဲ သင်တန်းနည်းပြများမှ နှုတ်ထွက်မည်ဆိုပါက ထိုက်သင့်သော လျော်ကြေးငွေပေးဆောင်ရမည်။

 


 

Login to Your Myanu Account

Sign In with Google
OR
Lost your password?
New User Please Register

Sign up and start learning!

By signing up, you agree to our Terms of Use and Privacy Policy.

Already have an account? Login

Forgot Password

  • About Us
  • Careers
  • Support
  • Copyright © 2022 MyanU, Inc.
  • Terms of Use
  • Privacy Policy
  • Copyright